ကလိန်အောင် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ကလိန်အောင်မြို့အတွင်းရှိ ဒေသခံပြည်သူများ စာအုပ်စာစောင်များအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာရန် အချိန်မပေးနိုင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ကျေးရွာများသို့လည်း ဆောင်ရွက်ပေးလျက် ရှိသည်။
မိုးမိုးခိုင်