မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး (One State One Township) အကောင်အထည်ဖော်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား မတ် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ် သပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး (One  State One Township) အကောင်အထည်ဖော်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက် မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြစ်ကြီးနားမြို့နယ် သန့်ရှင်းသပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး(One State One Township) အကောင်အထည်ဖော်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၃၀၀)ဦးခန့်တို့က ရန်ကြီးအောင်ရပ်ကွက်၊ တောင်တန်း သာသနာ့ပြုအံတော်ရှင် ကျောင်းတိုက်မှာ စတင်၍ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီး  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မြစ်ကြီးနား မြို့နယ် အား သန့်ရှင်းသပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး (One  State One Township) အကောင်အထည်ဖော်ဆောက်ရွက်နေမှုကို ပြည်သူများသိရှိနိုင်ရေး အသိပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြ ကြောင်းသိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)