မြဝတီမြို့နယ်ရှိ ကျေးရွာများ၌ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မြဝတီ  မတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရေးတို့အတွက် ယမန်နေ့ နံနက်  ၉ နာရီအချိန် က မြဝတီမြို့နယ် ထီးချားလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ထီးချားလားကျွေးရွာမှ အုပ်ချုပ်ရေးမှူးက အဖွင့်မှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည်တိုက်မှူး ဒေါ်သီရိချောက ဟောပြောပွဲရည်ရွယ်ချက်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား၍ “ပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော ခဲ့ပါသည်။ ထို့နောက် မြဝတီခရိုင် စာသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးသိန်းဇော်မှ စာသုံးသူ အကာကွယ်ပေးရေးနှင့်ပတ်သတ်၍ မိမိတို့ဌာနမှ ဆောင်ရွက်မှုများ၊ ပြည်သူများ ရောဂါ ကင်းဝေးပြီး သက်တမ်းစေ့နေနိုင်ရေးအတွက် အစားအသောက်များ ဝယ်ယူစားသောက်နေရ သည့် ပြည်သူများအနေဖြင့် ဆောင်ရန်ရှောင်များအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူထိုက်က ငလျင်လှုပ်နေစဉ် တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ် ရန်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအားလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက လူဦးရေ တိုးပွားမှုနှင့်အတူ သစ်၊ ထင်း ပိုမိုသုံးစွဲခြင်းကြောင့် သစ်တောများပြုန်းတီးရခြင်း ဖြစ်ကြောင်း၊ သစ်တောများပြုန်းတီးမှုကြောင့် အပူချိန်မြင့်တတ်ရခြင်းဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုများကို ဆက်လက်မဖြစ်ပွားအောင် ကာကွယ်သည့် အချက်လက် များနှင့် ရှောင်ရှားရမည့် အချက်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှဒု ရဲအုပ်ဇော်ဇော်ဦးက မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ရရှိလာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ထီးချား လားကျေးရွာမှ ကျန်းမာရေးမှူးက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတ အသီးသီးဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ကပ်ထားသော ဗီနိုင်းများကိုလည်း စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ‌ဟောပြောပွဲကို ထီးချားလားကျေးရွာမှ ရွာသူရွာသားများ ၁၆၀ ဦးတတ်ရောက်ခဲ့ပြီး ၎င်းနည်းအတူ စံပါလိုက်ကျေးရွာတွင်လည်း နေ့လယ် ၁ နာရီ၌ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)