မိုင်းဖြတ် မတ် ၁၃
ရှမ်းပြည်နည် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာငါးရွာကို စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီက နမ့်ပန်ကျေးရွာအုပ်စု၊ နန်းဝိုးထောင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက ဆောင်ရွက် ပြီးစီးမှု၊ ရေရရှိသုံးစွဲမှုနှင့် ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်း ၃/၀ မိုင်ကို ခွင့်ပြုရန်ပုံငွေ ၂၈.၄ သန်းဖြင့် ရိုးမအလင်းတန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)