ချင်းရွှေဟော် မတ် ၁၂
ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍COVID-19 ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် ချင်းရွှေဟော်မြို့ ပြန်ကြားရေ:နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်သန့်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး ချင်းရွှေဟော်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာသီဟက COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ အထက်တန်းသူနာပြု ဒေါ်ဂရေစီလှိုင်က ရောဂါကူးစက်နိုင်ခြေရှိသည့်အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့်-၁ ဒေါ်ဂျာရိန်က လက်ကိုစနစ်တကျစင်ကြယ်အောင် ဆေးနည်းအဆင့်ဆင့် ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ COVID-19 ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်၊ ဓါတ်ပုံပြဘုတ်များကို ပြသခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)