ဘားအံ မတ် ၁၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဘားအံခရိုင် (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘားအံခရိုင် ဦးစီးအရာရှ ဒေါ်စိုးစိုးအေးမှ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ အဆုတ်ရောင်ရောဂါ၏ အဓိကလက္ခဏာများကို နွေရာသီအခြေခံ ပန်းချီသင်တန်း တက်ရောက် နေသော ကျောင်းသား/သူ(၁၁၅)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/သူများက ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဘားအံခရိုင်(ပြန်/ဆက်)