တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဖြေဆို

တနိုင်း မတ် ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်အတွင်း စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် (၉) နာရီမှ စ၍ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရ သည်။

တနိုင်းမြို့နယ်အတွင်း စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုရန် စာရင်း ပေးသွင်း ထားသော ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၁၈၁) ဦးရှိပြီး ပျက်ကွက်သူဦးရေ (၁၀၂) ဦးရှိကာ ဖြေဆိုသူဉီးရေ (၁၀၇၉) ဦးရှိ၍ ဖြေဆိုသူရာခိုင်နှုန်း (၉၁.၃၆%­) ရှိကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

စာဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန များ အနီးဝန်းကျင်တွင် ဆူညံသံများနှင့် အနှောက်အယှက်များ မရှိစေရန် ဌာနဆိုင်ရာများ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)