မိုးကောင်း ဩဂုတ် ၁၉
မိုးအဆတ်မပြတ် ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်း ရှစ်မိုင်လမ်းဆုံနှင့် ပါဟုတ်တောင်အကြား ကိုးမိုင်တွင် ကားလမ်းရေကျော်နေမှု ဖြစ်ပွားနေကြောင်း သိရသည်။
ခရီးသည်များ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် မိုးကောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မိုးကောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များက ကူညီလျက်ရှိကြောင်း၊ အဆိုပါ ရေမြင့်တက်လာမှုကြောင့် လမ်းပေါ်ရေအနက်(၃)ပေခန့်ရှိပြီး ရေကျော်နေသော ကားလမ်းအရှည်မှာ ပေ(၄၀၀)ခန့် ရှိကြောင်း လတ်တလော ယာဉ်ကြီးများသာ ဖြတ်သန်းရပြီး ယာဉ်ငယ်များဖြတ်၍ မရသေးကြောင်း မြို့နယ်မီသတ်ဦးစီးဌာနမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)