၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး အသက်(၁၈)နှစ်ပြည့် ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ အား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဩဂုတ် ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲဆန္ဒရှင်စာရင်း တွင် ပါဝင်ပြီး အသက်(၁၈)နှစ် ပြည့်ပြီး ကိုင်ဆောင်လက်မှတ် မရှိသေးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကွမ်းခြံကုန်းကျေးရွာအုပ်စု အုန်းပင်စု ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများက ကွမ်းခြံကုန်းကျေးရွာအုပ်စုအတွင်း ကျေးရွာ()ရွာ ရှိ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)