တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး မြေကာနံရံတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်

တာချီလိတ် မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး ကွန်ကရစ်လမ်းသားတိုးချဲ့နိုင်ရန် မြေကာနံရံ ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ် ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေလုံးငွေရင်းဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး မြေကာနံရံပြုလုပ်ခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ကပ်တုံးပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းများကိုဆောင်ရွက်လျက်ရှိသည်။

ကွန်ကရစ်လမ်းသား မတိုးချဲ့မီ မြေကာနံရံများ တည်ဆောက်ခြင်း၊ အုတ်စီရေမြောင်းတည်ဆောက်ခြင်းများပြီးစီးပါက လျှပ်စစ်ဓာတ်တိုင်များရွှေ့ပြောင်းခြင်းနှင့် ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)