ကျောက်မဲမြို့တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ကျောက်မဲ မတ် ၁၂

တစ်လုံထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျောက်မဲမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ကျောက်မဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သင်တန်းကျောင်းအုပ်ကြီး ဦးစိုင်းမင်းထွန်းက သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သော သင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ကာလတိုသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပြီး၊ သင်တန်းကာလမှာ (၁၅) ရက်ဖြစ်ကာ ကျေးလက်နေပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မိမိအိမ်တွင် စီးပွားရေးလုပ်ငန်းများကို အိုးမကွာ အိမ်မကွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းများကို ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိတ်ပါဝင်စားသူ (၂၀) ဦးစီဖြင့် ကာလတိုသင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းနှင့် ယခင်ကလည်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေံခံလျှပ်စစ်သံဂဟေဆက် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း သင်တန်းကျောင်းအုပ်ကြီးထံမှ သိရှိရသည်။

မြင့်အောင်(ပြန်/ဆက်)