ပူတာအို မတ် ၁၁
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတို့တွင် ခေါင်လန်ဖူးမြို့နယ် ကျောင်းသူ/ကျောင်းသား (၄၉)ဦး အပါအဝင်(၂၁၉၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ပူတာအိုမြို့နယ်တွင် စာစစ်ဌာ ၃ ခုထားရှိသည့်အနက် အထက-ပူတာအို စာစစ်ဌာနတွင် (၁၀၄၅)ဦး၊ အထက-ဒုတ္တန်စာစစ်ဌာနတွင် (၇၂၉)ဦး၊ အထက-လေယာဉ်ကွင်း စာစစ်ဌာနတွင် (၄၂၄)ဦး စုစုပေါင်း (၂၁၉၈)ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၄၉)ဦးတို့က တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ပူတာအို စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ပူတာအိုခရိုင်အတွင်း စာစာစစ်ဌာန(၆)ခု ထားရှိကာ ပူတာအိုခရိုင် တစ်ခရိုင်လုံးတွင် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း (၂၄၃၃) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ကျောင်းသား /ကျောင်းသူ (၂၁၉၈) ဦးတို့ ဖြေဆိုခဲ့ကြရာ ယခုနှစ်တွင် ယခင်နှစ်ကထက် ဖြေဆိုသူဦးရေ တိုးတက်လာကြောင်းသိရသည်။
အဆိုပါ ကျောင်းသူ/ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲကို လုံခြုံအဆင်ပြေစွာ ဖြေဆိုနိုင်ရေးတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကို တာဝန်ယူ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)