သီပေါ မတ် ၁၁
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခမဲ့ အားကစားသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်မိမိလှိုင်က ကိုရိုနာဗိုင်းရပ်စ် ပြင်းထန် အဆုတ်ရောင်ရောဂါ အကြောင်း သိကောင်းစရာများနှင့် ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခဲ့ပြီး မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်သန်းရွှေမာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၀၈)ဦး တက်ရောက်ခဲ့ပြီး ဘောလီဘော၊ ဘောလုံး၊ အေရိုးဗစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ Myanmar Fitness Dance စသည့် အား ကစား နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်(၁၁) မှ (၃၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)