ကာလိ မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကာလိမြို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင် က လယ်ယာမြေဆိုင်ရာ နည်းဥပဒေများနှင့် ဥပဒေများ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ကာလိမြို့၊ အမှတ်(၁)ရက်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူက ရှမ်းဘာသာဖြင့် ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသော ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စိုင်းဝင်းကျော်(ပြန်/ဆက်)