နမ္မတူမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ Physical Fitness Dance ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

နမ္မတူ  မတ်   ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌  Physical Fitness Dance ဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ Physical Fitness Dance သင်တန်းအား နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ ရက်သတ္တတစ်ပတ် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ရွှေမာက အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။        

လူမော် (ပြန်/ဆက်)