သံတောင်ကြီးမြို့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူရန်အတွက် ပန္နက်ရိုက်ဆောင်ရွက်

သံတောင်ကြီး  မတ် ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တည် နှစ်တစ်ရာ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူရန်အတွက် ပန္နက်ရိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရပ်ကွက်(၄)လမ်းဆုံ တွင် ပြုလုပ်သည်။

အဆိုပါ နှစ်တစ်ရာပြည့် ကျောက်တိုင်စိုက်ထူရခြင်းမှာနောင်လာနောက်သားများ မိမိတို့မြို့၏ တစ်ဆင့်ပြီး တစ်ဆင့်ပြောင်းလဲခြင်းဖြစ်စဉ်များကိုသိရှိစေရန်၊ ဒေသခံတိုင်းရင်းသားပေါင်းစုံ၏ စည်းလုံးညီညွတ်မှုကို အစဉ်ထိန်းသိမ်းနိုင်စေရန်၊ သံတောင်ကြီးဒေသ၏ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသခံပြည်သူများမှ အစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး စိုက်ထူရခြင်း ဖြစ်ကြောင်း နှစ်တစ်ရာပြည့်ကော်မတီဥက္ကဋ္ဌ ဦးစောခရစ္စတိုဖာကပြော ကြားခဲ့ကြောင်းသိရသည်။

နော်လော်မူ(ပြန်/ဆက်)