မိုင်းယောင်း မတ် ၁၀
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်က မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းကို ရှင်းလင်းပြောကြားပြီး၊ ဈေးတာဝန်ကျဝန်ထမ်းများနှင့် ဈေးဆိုင်ခန်းရှင်များအား လောင်စာဆီလောင်ကျွမ်းနေမှုကို မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ပိုက် အသုံးပြု၍ မီးငြှိမ်းသတ်နည်းကို လက်တွေ့ဆောင်ရွက်စေခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဈေးဆိုင်ခန်းရှင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)