သံတောင်မြို့ရှိ ပသိခန်းမ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေးဆောင်ရွက်

သံတောင်ကြီး မတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ရှိ ပသိခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သွားရောက်စစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီး ဦးသန်းနိုင်က ပသိခန်းမအကြီးစား ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွင် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ပသိခန်းမအကြီးစားပြင်ဆင်ဆောင်ရွက်မှုကို သံတောင်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းဖြင့် ပြင်ဆင်ဆောင်ရွက်ပြီး ခွင့်ပြုငွေကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာဖြစ်သည်။ ပသိခန်းမအကြီးစားပြင်ဆင်ဆောင်ရွက်မှုကို ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သံတောင်မြို့စည်ပင်သာယာရေးကော်မတီတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ပြီးစီးမှုမှာ  ၈၅  ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

Holy(ပြန်/ဆက်)