၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကြည့်ရှုစစ်ဆေး

မောက်မယ် မတ် ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးနှင့် မြို့နယ်ပညာရေးကော်မတီဝင်တို့က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဖြေဆိုမည့်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် အရန်ဖြေဆိုနိုင်ရေး စာဖြေခန်းများအား လည်းကောင်း၊ မွေတော်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် ဟိုနမ့်ကျေးရွာအုပ်စု ဥယာစန်း အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ နေထိုင် စားသောက်ရေး၊ ရေ၊ မီး၊ အိမ်သာ စသည်များ အဆင်ပြေမှု ရှိ/မရှိ လိုအပ်သည်များကို စီမံကူညီဖြည့်ဆည်းပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် မောက်မယ်အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မီးဘေးလုံခြုံရေး ဆောင်ရွက် ထားရှိမှု၊ အရန်မီးစက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆို  ကျောင်းသား / ကျောင်းသူ (၁၅၃) ဦး၊ ပြင်ပဖြေဆို ကျောင်းသား / ကျောင်းသူ (၆၀) ဦး စုစုပေါင်း (၂၁၃)ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)