တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာဖြေဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ခိုလမ် မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လ(၁၁)ရက်မှ (၂၀) ရက်နေ့ ထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာဖြေဌာန  အ-ထ-က ကျောင်းသို့ ယမန်နေ့ နံနက်က ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်ကာ ကျောင်းလုံခြုံမှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၁၁) ဦး ဖြေဆိုမည့်  စာဖြေခန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ သည်။

ခင်လေးဝင်း (ပြန်/ဆက်)