မိုင်းဖြတ် မတ် ၁၀
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့ ညနေ (၃) နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသော ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊ မိုင်းဖြတ်မြို့နယ် အ.ထ.က ( ဟိုနား )ကျောင်း (၂)ထပ် ကျောင်းဆောင်သစ်၊ ဈေးတန်းကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ဆရာဝန် နေအိမ်တည်ဆောက်နေခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့မအားကစားကွင်း မြေညှိပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်စံချိန်စံနှုန်း ပြည့်မီ၍ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေများဖြင့် နမ့်ယွန်းတောင်ပေါ် ဆောက်လုပ်ရေးကုမ္ပဏီ၊ တာဝန်ခံအင်ဂျင်နီယာ ဦးအောင် ရဲကျော်မှ တာဝန်ယူဆောင်ရွက်နေသော အ.ထ.က (ဟိုနား) ကျောင်း (၁၀၀ ပေ × ၃၀ ပေ) ရှိ RCC (၂)ထပ် ကျောင်းဆောင်သစ် အပေါ်ထပ်ဆင့်တွင် Concrete Slab လောင်းရန် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။ ထိုနောက် ဈေးတန်းကွက်သစ် ရပ်ကွက်ရှိ မြို့နယ်ဆရာဝန်နေအိမ် သံကူကွန်ကရစ် (၁)ထပ် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ (၃၀၀ ပေ × ၁၇၅ ပေ) အကျယ်ရှိ မြို့မ အားကစားကွင်း မြေညှိပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှောလမွန်