ဟိုပုံး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်းပြုလုပ်သော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ(Covid-19) အကြောင်း သိကောင်း စရာ ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းမှ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19)အကြောင်း သိကောင်းစရာများကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်ထားထားဆွေမှ ဗိုင်းရပ်စ်ကူးစက်မှုအားကာကွယ်ရန် နည်းလမ်းများကိုလည်းကောင်း ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများကိုလည်းကောင်း၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများကိုလည်းကောင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ လက်များကို စနစ်တကျဆေးကြောကြရန်တို့ကို ပရိုဂျက်တာ (projector) ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ ဟောပြောပွဲပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြိုနယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာများ၊ ရက်ကွပ်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)