ကာလိ မတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၉:၃၀)အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများက တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း က အဖွင့်အမှာ စကားပြောကြားပြီး ကာလိမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး က စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများဖြင့် စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် ကွန်ဟိန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်ဆွေဇင်ကျော် က ငမြှောင်တောင်ပိုး မကျရောက်မီ ကြိုတင် ကာကွယ်ရန် အကြောင်းအရာ များ နှင့် ငမြှောင်တောင်ပိုး ကာကွယ်နည်းများကို ဆွေးနွေးပေးခဲ့ပြီး ကွန်ဟိန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်ထွေး က ကော်ဖီ စိုက်ပျိုးနည်းပညာများဖြင့် ဆွေးနွေးကာ တက်ရောက် လာကြသော တောင်သူလယ်သမားများက စိတ်ဝင်စားစွာဖြင့် အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)