ဟိုပုံးမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ

ဟိုပုံး  မတ်  ၆

ဟိုပုံးမြို့အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို၊ မြို့မရဲစခန်းရှေ့ လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် များအား စစ်ဆေးအရေးယူခြင်းကို ယနံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်ယာဉ်အန္တရာယ် ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုရဲအုပ်စည်သူအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့က ဆိုင်ကယ်မောင်းနှင်ရာ၌ ဆိုင်ကယ် ဦးထုပ်မဆောင်းပဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)