တာချီလိတ် မတ် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော "ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်း (၁/၂၀၂၀)" သို့ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ယမန်နေ့က သွားရောက်ပြီး အသိ ပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင် (မောင်မြန်မာ) မှ "မူးယစ်ဆေးဝါးနှင့်ယနေ့လူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစံသိန်း (မောင်ဖိုးစံ-ဒူးယား) မှ "ဘ၀တစ်သက်တာမှတ်သားထားပါ" ခေါင်းစဉ်ဖြင့် လည်း ကောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ သင်တန်းသားများ စာပေဖတ်ရှုလေ့လာနိုင်ရန် တာချီလိတ် မြို့နယ် စာရေးဆရာအသင်းမှ ထုတ်ဝေသော ရွှေတြိဂံမဂ္ဂဇင်းနှင့် အခြားသုတရသစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။
"ရပ်ရွာအခြပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း (၁/၂၀၂၀)" တွင် အနယ်နယ်အရပ်ရပ်မှ မူးယစ်ဆေးဖြတ်လူငယ် ၅၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)