ရှင်ဗွေယန် မတ် ၅
ကချင်ပြည် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့တွင် ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲသော ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းကျော်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ရှင်ဗွေယန်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်နေဆန်းက မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖမ်းစီး အရေးယူမှုနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။ မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များကလည်း မိမိတို့အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ရွာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရောင်းချသူ သုံးစွဲသူများတွေ့ရှိပါက ပူးပေါင်းတိုက်ဖျက် တိုင်ကြားသွားမည် ဖြစ်ကြောင်း အသီးသီး ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖ (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)