ဟိုပင် မတ် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိရေး၊ လူနေမှုဘဝ အဆင့်မြှင့်မားရေး၊ မိသားစုတစ်ဦးချင်းစီ ဝင်ငွေတိုးပွားရေး၊ အသက်မွေး ဝမ်းကျောင်း ပညာများ ပြန့်ပွားရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကွာဟမှု ကျဉ်း မြောင်း စေရေး တို့ကို ရည်ရွယ်၍ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးကျော်ကျော်ဝင်း က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသူ (၂) ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးက သင်တန်းဆင်းလက်မှတ် ပေးအပ်ကြပြီး သင်တန်းသူတစ်ဦးက လက်ခံရယူကာ သင်တန်းကာလအတွင်း ဆောင်ရွက်ခဲ့သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဝန်ကြီးနှင့်အဖွဲ့က လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။
သင်တန်းတွင် မန်ကျည်းတော်ဖီ၊ ကျောက်ဖရုံယို၊ သရက်သီးယို၊ ချဉ်စော်ခါးသီးယို၊ ဂျင်းယို စသော ယို(၅)မျိုး၊ ဖျော်ရည် ၅ မျိုး ၊ ဆပ်ပြာ ၅ မျိုး၊ ဖန်စီဖြင့် သော့ချိတ်၊ ပိုက်ဆံအိတ်၊ ဆံညှပ်-ပန်းပွင့်ပြုလုပ်နည်း ၅ မျိုး စသည့်ပစ္စည်းများ ပြုလုပ်နည်းများကို သင်တန်းသား ၆၈ ဦးတို့အား မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးသွယ်နှင့် ဝန်ထမ်း ၂ ဦးတို့က ၁၅ ရက်ကြာ အခမဲ့ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေး ခဲ့ကြကြောင်း သိရသည်။
ယခုသင်တန်းသည် ၃ ကြိမ်မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် တတ်မြောက်ခဲ့သော ပညာရပ် များဖြင့် မိမိကျေးရွာ ရောက်သည့်အခါ မိသားစု အကျိုးစီးပွား အတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိရန် လက်တွေ့ နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချသွားမည် ဖြစ်ကြောင်း သင်တန်းသူ တစ်ဦးက ပြောကြား ခဲ့သည်။
တိုးတိုးမေ-ဟိုပင်