ဖာပွန် မတ် ၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သာသနာတော်နှစ် ၂၅၆၃၊ ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်တွင် (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နောက်ဘက်ကမ်းကျေးရွာ သမိုင်းဝင် ရွှေဆံတော်၊ ရွှေအံတော် တောင်ပေါ်ကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဖာပွန်မြို့မ ရွှေကျောင်းဆရာတော်ထံ တွင် ငါပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာကြားခြင်းနှင့် ပဋ္ဌန်းဒေသနာ တော်နှင့် တရားတော်များနာကြားခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်မှုဖြင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်း ပစ္စယုဒ္ဒေသ (၂၄) ပစ္စည်းကို (၃) ကြိမ် သံပြိုင်ရွတ်ဆို၍ အလှည့်ကျ ဆရာတော်က ပဋ္ဌန်း ပစ္စယနိဒ္ဒေသ ပဌာန်းကျမ်းတော်မြတ်ကြီးအား စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်