ကျိုင်းတုံ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်

ကျိုင်းတုံ မတ် ၄

ကျိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ယန်းလောကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီမှ အတွင်းရေးမှူး ဦးစိုးနိုင်မှ တက်ရောက်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်လင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျေးရွာမှ သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်မည်ဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာတွေ့/လက်တွေ့ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။

စိုင်းရွှေအောင်