ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော (Penta-4) ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း ပုံပါကျင်မြို့တွင်ဆောင်ရွက်

ပုံပါကျင် မတ် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ရိုတာ ဗိုင်းရပ်စ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော (penta-4) ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို ယမန်နေ့က  ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ) စသည့် ငါးမျိုးစပ်ကာကွယ် ဆေးထိုးပေးခြင်းတို့အပြင် တီဘီရောဂါကာကွယ်ဆေး၊ ဝမ်းပျက်ရောဂါ၊ ဝက်သက်ဂျိုက်သိုး ရောဂါနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်သည့် အစက်ချဆေး တိုက်ကျွေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပုံပါကျင် ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ သတင်း ရရှိသည်။

စန္ဒီ(ပြန်/ဆက်)