ထန်တလန် မတ် ၄
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျေးလက်ဒေသအတွင်းရှိ ပြည်သူလူထု အကျိုးပြု လုပ်ငန်းဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင်များ အား စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့် မွေးဖွားပြီး စောင့်ရှောက်ခြင်း၊ မိခင်နှင့် ကလေး အသေအပျောက်နှုန်း ကျဆင်းရေးစသော မိခင်နှင့်ကလေး အခြေခံကျန်းမားရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့် အရန်သားဖွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းပွားက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ အရန် သားဖွား သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရပ်ရွာအတွက် အမှန်တကယ် စိတ်ဝင်စားသော မြို့နှင့် ဝေးကွာပြီး သွားလာရေး ခက်ခဲသော ဒေသများမှ ပညာအရည်အချင်းနှင့် ကိုက်ညီသူကိုသာ ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသူ ၂၂ ဦးတို့ကို စာတွေ့ လက်တွေ့( ၃) လ၊ ကျေးလက်ဒေသတွင် လက်တွေ့ လုပ်ငန်းခွင် (၃) လ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိရပ်ရွာဒေသတွင် ပြန်လည် ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ Save The Children မှ တာဝန်ခံ ဒေါ်ဗန်ဒေါ့သ်ချင်း၊ ဋ္ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ယောန(ပြန်/ဆက်)