မိုင်းပန် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုင်းပန်မြို့ အားကစားကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ကြီးမှူး၍ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းကာ နွေရာသီအခြေခံ အားကစား သင်တန်း(၅)မျိုးကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး နှင့် မြို့နယ်အားကစားကွင်းတွင် လည်းကောင်း၊ စစ်တုရင်အားကစားနည်းကို အ.လ.က(ခွဲ) မြို့မတွင် လည်းကောင်း၊ ကြက်တောင်အားကစားနည်းကို စဝ်ကောလီခန်းမတွင် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းသားကျောင်းသူများ သာမက လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး လာရောက် သင်ကြားနိုင်ကြောင်းနှင့် သင်တန်းကာလအနေဖြင့် မတ်လ ၁၁ ရက်နေ့မှ ဧပြီလ ၁ဝ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုဆန်း (မိုင်းပန်)