နမ့်စန်(တ) မတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။
အဆိုပါ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို မတ်လ ၃ ရက်နေ့မှ မတ်လ ၆ ရက်နေ့ထိ ဖွင့်လှစ်၍ ဦးစီးတာဝန်၊ ရုံးလုပ်ငန်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ ၊ ဒေသန္တရ စီမံကိန်းရေးဆွဲခြင်းနှင့် အခြားဘာသာရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့ တို့မှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း ၄၅ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)