ဆွမ်ပရာဘွမ် မတ် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပြုလုပ်နည်း အခမဲ့ သင်တန်းဆင်းပွဲကို ဘန်ရူးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသူ၊ သင်တန်းသားတို့၏ လုပ်ငန်းဆောင်ရွက် မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် သင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးများတွင် ပါဝင်ကူညီလုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်ခဲ့ကြောင်း၊ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ပြီး အကျိုးရှိစွာ အသုံးချသွားမည်ဖြစ်ကြောင်း သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းသင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၂ ရက်နေ့အထိ သင်တန်းသား (၁၅) ဦးအား ကျေးလက်ဒေသဖွံ့ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်အားညီဟဲက (၁၅)ရက်ကြာ အခမဲ့ သင်တန်း ပို့ချခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)