ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်း

ကျိုင်းတုံ မတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က အမှာစကား ပြောကြားသည်။

ထို့နောက် ဦးမြင့်ဆွေ(ဝိုင်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်)နှင့်ဇနီး ဒေါ်ရည်ဝိုင်းဦး တို့က ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)