မြဝတီ မတ် ၁
မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးများအား ဖူးမြှော်နိုင်ရန်နှင့် အင်းလေးဒေသ သဘာဝအလှတရားတို့ကို ကြည့်ရှုခံစားနိုင်ရန်အတွက် ထိုင်းနိုင်ငံသား ၂၈ ဦးသည် ယမန်နေ့က မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်ခဲ့ကြသည်။
Miraculous Myanmar Travel & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသား ၂၈ ဦးသည် ယမန်နေ့ နံနက်ပိုင်းက ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၂၄ စီးဖြင့် မြန်မာနိုင်ငံ မြဝတီ နယ်စပ်တံတားအမှတ် ၁ ဂိတ်မှ ဝင်ရောက်ခဲ့ရာ မြဝတီမြို့နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က ကြိုဆိုပြီး ကုမ္ပဏီမှဧည့်လမ်းညွှန် ဦးတင်ထွန်း လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က အဆိုပါ ဆိုင်ကယ် ၂၄ စီးဖြင့် ဝင်ရောက်လာသော ထိုင်းနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေး၊ arrival visa စစ်ဆေးပြီး ဝင်ခွင့်ပြုကြောင်း၊ မြဝတီမှတစ်ဆင့် ကျိုက်ထီးရိုး၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ ကလော၊ အင်းလေး၊ နန့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ သွားရောက်လည်ပတ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)