ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာ(၂၁၈၆)ဦး ဖြေဆို

ကျွန်းလှ မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာနေ့တွင် (၂၁၈၆) ဦး ဖြေဆိုကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို အထက (ကျွန်းလှ) စာစစ်ဌာနတွင် ဖြေဆိုသူ(၁၂၂၆)ဦး၊ အထက (သစ်ရာမြိုင်) စာစစ်ဌာနတွင် ဖြေဆိုသူ (၄၆၂) ဦး၊ အထက (ညောင်ကိုင်း) စာစစ်ဌာနတွင် ဖြေဆိုသူ (၁၂၃)ဦး၊ အထက (ရွာကုန်းကြီး) စာစစ်ဌာနတွင် ဖြေဆိုသူ (၂၆၈)ဦး၊ အထက (ပေပင်ချောင်) စာစစ်ဌာနတွင် ဖြေဆိုသူ (၁၀၇)ဦး၊ စုစုပေါင်း (၂၁၈၆)ဦးဖြစ်ပြီး (၉၄)ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)