ကျွန်းလှမြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

ကျွန်းလှ  မတ်  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပျဉ်းမမြိုင်ရပ်ကွက်၊ အောင်ဇေယျလမ်း (အရှည်၈၇၀×အကျယ်၁၂) ပေထု (၉)လက်မ ကတ္တရာခင်းခြင်းနှင့် နွယ်သာကီလမ်း (အရှည်၆၅၅×အကျယ်၁၄)ပေ၊ ထု‌ ၉လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် မြို့နယ် စည်ပင်သာယာ အင်ဂျင်နီယာဒေါ်မေဇော်ကို ကတာဝန်ယူ ဆောင်ရွက် ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ် အရည်အသွေးစစ် ကော်မတီများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများနှင့် တာဝန်ရှိသူတို့က ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)