ဇမ္ဗူသီရိ မတ် ၁၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့ နံနက်ပိုင်းက မြန်မာဘာသာကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း စာစစ်ဌာန (၅) ခုတို့တွင် ဖြေဆိုစာရင်းပေးသူ (၂၇၈၆) ဦးရှိပြီး ယနေ့ မြန်မာဘာသာ၌ ကျောင်းတွင်းနှင့် အပြင်ဖြေ (၂၆၀၄) ဦးဖြေဆိုကာ (၁၈၂) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ စာရင်း ထုတ်ပြန်ချက်အရသိရပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စန်းတင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဟိန်းသူအောင်