နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  နေပြည်‌တော်အတွင်း သန့်ရှင်းသာယာလှပစေရေး  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင်  မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ်အတွင်း လေပြင်း ဘေးသင့်နေရာများအား ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ကူညီဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မေ ၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးလန်ခြင်း၊ နေအိမ်အကာအရံများ ပျက်စီးခြင်းနှင့်နေအိမ်ပြိုကျပျက်စီးခဲ့သည့် နေရာများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင်ဦးအောင်ဇေယျသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စု အောင်သာမြဂနိုင်ကျေးရွာ ရှေ့ဆောင်ပုံရိပ်စာကြည့်တိုက်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား တက်ရောက်

ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးအေးကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများ တက်ရောက်သည်။

တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားထားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲက အဆိုပါကျေးရွာ “လောကအလင်း” စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်း ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၃ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်း၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုဝင်များ တက်ရောက်သည်။

လယ်ဝေးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီဌာနအနေဖြင့် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသားကဏ္ဍစားသုံးမှု ဖူလုံစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက်အနေဖြင့် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း လုပ်ငန်းစဉ်(၅) ရပ်အား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄၀) မူလွန် လက်ပံခါးလှကျောင်း၌ မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းဝန်းအတွင်းရှိ
Subscribe to နေပြည်တော်ကောင်စီနယ်မြေ