နမ့်ခမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

နမ့်ခမ်း မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဟိုနောင်ကျောင်း စာစစ်ဌာနတို့တွင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ အ. ထ. က(၁) ကျောင်းတွင်စာရင်းရှိ(၈၉၄)ဦး၊ လာရောက်ဖြေဆိုသူ (၈၅၆)ဦးနှင့် ပျက်ကွက်သူ(၃၈)ဦး၊  အ. ထ. က(ခွဲ)လ(၃) ဟိုနောင်ကျောင်းတွင် စာရင်းရှိ(၄၆၂) ဦး၊ ဖြေဆိုသူ (၄၃၆)ဦးနှင့် ပျက်ကွက်သူ(၂၆)ဦးရှိကြောင်း သိရသည်။ နမ့်ခမ်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ(၁၃၅၆)ဦး၊ လာရောက်ဖြေဆိုသူ(၁၂၉၂)ဦး၊ လာရောက်ဖြေဆိုရန် ပျက်ကွက်သူ(၆၄) ဦးရှိပြီး မြို့နယ်၏ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ၉၅. ၂၈ ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ ၄ . ၇ ရာခိုင်နှုန်းရှိကြောင်း နမ့်ခမ်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နမ့်ခမ်းမြို့နယ် စာစစ်ဌာနနှစ်ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် လုံခြုံရေးကို အတွင်းစည်း၊ အပြင်စည်းနှင့် ကျန်းမားရေးစောင့်ရှောက်ကုသရန်ထားရှိပြီး အပြင်းစည်းလုံခြုံရေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆိုထွန်း(ပြန်/ဆက်)