လောက်ကိုင်မြို့၌ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

လောက်ကိုင် မတ်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လောက်ကိုင် စာစစ်ဌာန၌   ယနေ့နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။

အဆိုပါစာစစ်ဌာနတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (လောက်ကိုင်)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (လောက်ကိုင်)၊ အခြေခံပညာအထက်တန်းကျောင်း (တာရွှေထန်)၊ အခြေခံပညာ အထက်တန်း ကျောင်း (ချင်းရွှေဟော်)မြို့တို့မှ လာရောက်ဖြေဆိုကြပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းရှိ(၁၆၁)ဦးအနက် အတွင်းဖြေဆိုသူ(၁၀၃)ဦး၊  အပြင်ဖြေဆိုသူ (၃၅)ဦးရှိပြီး ပျက်ကွက်သူ(၂၃)ဦးဖြစ်ရာ ဖြေဆိုသူ စုစုပေါင်း(၁၃၈)ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ဝင်းမြမြ(လောက်ကိုင်)