Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်း…
Jun 03,2026
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံ လေလုံအားကစားလေ့ကျင့်ရေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကော်လိပ် များမှ ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ အထက (၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီ…
Jun 03,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) သီရိရတနာခန်းမ၌ ကျောင်းတက်ရောက်နေသည့်
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဟားခါးမြို့၌ ကျင်းပသည့် တိုင်းရင်းဆေးပညာပေး အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲသို့ တက်ရောက်…
Jun 03,2026
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ ချင်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ကူညီထောက်ပံ့မှုတို့ဖြင့် ချင်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနက ဖွင့်လှစ်သည့် တိုင်းရင်းဆေးပညာပေးအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်…
Jun 03,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါအဆိုပြုလွှာဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တင်ဒါကော်မတီဝင်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုက္ကိုပင် လဲကျ လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ
Jun 03,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မီးသတ်စခန်း အနောက်မြောက်ဘက် (၃)မိုင်ခန့် အကွာ ဒေါနခြံရပ်ကွက်၊ သာစည်လမ်း၊ ဒေါ်မြင့်မြင့်ဦး၏ နေအိမ်ဝန်းအတွင်းရှိ ကုက္ကိုပင်သည် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အမြစ်မခိုင်ဘဲလဲကျ ကာကား(၂)စီးနှင့်ဆိုင်ကယ်ပေါ်ပိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ် ဆိုင်ရာတွေ့ဆုံမေးမြန်း
Jun 03,2026
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို ဇွန်လ ၃ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း တက်ရောက်ပြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိ လိုက်နာခြင်းဖြင့် ပြည်သူများ၏ ပိုမိုယုံကြည်အားကိုးမှုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 03,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှောက်တောင်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Jun 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးရေ၊ ဆည်ရေ၊ မြေအောက်ရေများဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုး ထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
127
Page
128
Page
129
Page
130
Current page
131
Page
132
Page
133
Page
134
Page
135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department