Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 26,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက် ၁၀ နာရီက ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2026
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာသိုလှောင်ရုံများ မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေး
May 26,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များမှ သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်းကို မေ ၂၆ ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အတွင်းရှိ သိုလှောင်ရုံများသို့သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သတင်းပတ် စတင်ဆောင်ရွက်
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ထပ်မံ၍အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများထပ်မံ၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ငါးသိုင်းချောင်းမြို့ကျေးရွာ၊ ရပ်ကွက်များနှင့် ဘုန်းကြီးကျောင်းများတွင် ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး
May 26,2026
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ…
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါဘဏ်ရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
240
Page
241
Page
242
Page
243
Current page
244
Page
245
Page
246
Page
247
Page
248
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department