အမြို့မြို့အနယ်နယ်သတင်းများ

May 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုး နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပထမအကြိမ် တွေ့ဆုံပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 17,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
May 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ၊ဝမ်ယေးကျေးရွာတွင် လျှပ်စစ် မီးလင်းရေးဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က အဆိုပါကျေးရွာ ၌ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မေလ ၁၇ ရက်နေ့က ပန်းခင်းစီမံချက်အရ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့'' စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် မိတ်ဆွေ အပေါင်းအသင်း တိုးပွားခြင်း၊ စာပေဗဟု သုတများတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။