အမြို့မြို့အနယ်နယ်သတင်းများ

May 08,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ‌ အောင်ကျော်မင်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့တွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
May 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ကို ယနေ့ နံနက် ၇ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 08,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ သို့ (ဆန်၊ ဆီ) ဆွမ်းဆန်တော် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ ကျိုက်ဖနဲရပ်ကွက် အဘယသုခဝါးတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌ ကျင်းပသည်။
May 08,2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တိုင်းကြက်ခြေနီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ကြက်ခြေနီအသင်းက ကြီးမှူး၍ မေလ (၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ကျင်းပခဲ့သည်။

May 08,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက စစ်တွေရွှေမင်းဂံဆိပ်ကမ်း နယ်စပ်ကုန်းစခန်းသို့ သွားရောက်စစ်ဆေးသည်။
May 08,2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မှုကြသည့် သံဃာတော်များအား စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ကော့သောင်း မြို့နယ် လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲဖြစ်မြောက်ရေးအဖွဲ့မှကြီးမှူးကာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
May 08,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြေငှားဂရန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ခရိုင်ကော်လ္လိတော်အရာရှိ) ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
May 08,2021
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့တွင်မေလ(၈)ရက်နေ့တွင်ရောက်ရှိသော ကမ္ဘာ့ကြက်ခြေနီ နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ရေနံချောင်းမြို့နယ် အသင်းခွဲရုံး၌ ဘုရားအနေကဇာတင် နှင့် ရုံးအဆောက်အဦသစ်ဖွင့်ပွဲကျင်းပခဲ့သည်။