အမြို့မြို့အနယ်နယ်သတင်းများ

May 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပထမအကြိမ်ကာကွယ် ဆေးထိုး နှံပြီးသည့် အသက် (၆၅) နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ စုရပ်ပြုလုပ်၍ထိုးနှံပေးလျက်ရှိသည်။
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်း ရှိ ဂရန်အင်းများအား ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
May 07,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း သည် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် မေလ(၅) ရက်၊ နံနက်ပိုင်းတွင် ကျေးလက်လမ်းဦးစီးဌာနမှ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သီးကုန်း -သစ်ရာပင် လမ်း (၆/၀)မိုင် ဂျင်းလမ်း ခင်းခြင်း (၉၀)% ပြီးစီးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး သီးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဆရာ တော်ကြီးအား ဖူးမျှော်ကြည်ညိုပြီး လှူဘွယ် ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ခဲ့သည်။
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၆ ရက်နေ့ညနေ ၆ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
May 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များအား နွေရာသီအားကစားသင်တန်းဖွင့်လှစ်ကာ ဘတ်စကက်ဘော ကစားနည်းများကို မတ်လ(၁၅)ရက်နေ့မှစ၍ ကသာမြို့ရှိ ဧရာရွှေလီခန်းမ၌ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
May 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နို့စားနွားများက ထွက်ရှိသည့် သဘာဝနွားနို့စစ်စစ်များကို နေ့စဉ်ရောင်းချ နေရပြီး၊ နွားသား ပေါက်များကိုပါ ပြန်လည်ရောင်းချနိုင်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၁) ရပ်ကွက်ထန်းပင်ကုန်းရပ်နေ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် တာဝန်ခံတစ်ဦးထံမှ သိရသည်။
May 07,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့ရှိ အရိုးရောဂါအထူးကု ဆေးရုံကြီး (နေပြည်တော်)သည် အရိုးနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 07,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့ရှိ အရိုးရောဂါအထူးကု ဆေးရုံကြီး (နေပြည်တော်)သည် အရိုးနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။