အမြို့မြို့အနယ်နယ်သတင်းများ

May 06,2021
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ မြို့ဦးဘုန်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
May 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် မင်းလှမြို့ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ "ထ"ကန် သံဘောင်ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
May 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီ အိုင်ကီဒိုနှင့် ကရာတေးဒို သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအားကစားရုံတွင် ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
May 06,2021
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယခုလ ၅ ရက်နေ့တွင် ကျရောက်သည့်(၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပ ပြုလုပ်သည်။
May 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစုံ ဝေး လံ ခေါင် ဖျား သော တပ်ချောင်း ကျေးရွာအုပ်စု၊ ၊ဒုံးညို ၊ရွှေတိုင်၊ တပ်ချောင်း ကျေးရွာများမှ (မြို) ၊ သက် တိုင်းရင်းသားများအား မေ ၄ ရက်နေ့မှ စတင်ကာ နံနက် ၉ နာရီ စတင်ကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
May 06,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၃) ဦးစိုင်းမြင့်အေးနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၄ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 06,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် ဧပြီ ၂၉ ရက်နေ့က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အချို့ အမိုးလံပျက်စီးခဲ့ရသော ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မေလ ၄ ရက် ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။
May 06,2021
ပခုက္ကူမြို့၌မေလ၁ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်၂၁လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် အိမ်ထောင်စုဝင်များ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်၁၁နာရီခွဲအချိန်က ပခုက္ကူ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။