အမြို့မြို့အနယ်နယ်သတင်းများ

Apr 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် ကျေးလက်နေပြည်သူများ အတတ်ပညာများ ပြန့်ပွား၍ အလုပ်အကိုင်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး မိသားစုဝင်ငွေတိုး ၍ လူနေမှုဘဝ တိုးတက်စေရန် ရည်ရွယ်၍ ခရမ်းမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
Apr 28,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက် (ဝစီပိတ်)ဆရာတော်ဘုန်းတော်ကြီးအား သွားရောက်ဖူးမျှော်ကာ အာရုံဆွမ်းနှင့်လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရားအား သွားရောက်ဖူး၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းဆက်ကပ်ကာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
Apr 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝဒေသသည် အထင်ကရနေများတွင် ယဉ်ကျေးမှုအမွေအနှစ် ထွန်းကားသည့်နေရဖြစ်သော သာသနိကဆောက်အအုံများ၊ ဘုရားစေတီများ လေ့လာစရာများစွာ ရှိသည်။
Apr 28,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်သည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် ရှိ ခေတ်မီရေငန်ပုဇွန် မွေးမြူရေး စီမံကိန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
Apr 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအုပ်စု ရပ်တန်းရပ်တွင် ယွန်းထည်ပစ္စည်း အမျိုးမျိုး ရက်လုပ်လျက်ရှိကြောင်း သိရသည်။
Apr 28,2021
(၇၅)နှစ်မြောက် (စိန်ရတု) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တပ်ဖွဲ့ဝင်များက ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြိုပေါ်ရှိ ရေနုတ် မြောင်းများကို တူးဖော်၍ အုတ်မြောင်းများအဖြစ် ဆောင်ရွက်နေခြင်းကို ဧပြီလ တတိယအပတ်မှ စ၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။