အမြို့မြို့အနယ်နယ်သတင်းများ

Apr 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက် လုပ်ကိုင်ကြသည်။
Apr 21,2021
သာစည်မြို့နယ်တွင် ဧပြီ ၁၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်ကလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၁၃ စုမှကျေးရွာ ၃၂ ရွာတွင် လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းမျာ၊ စာသင်ကျောင်းများနှင့်ဓမ္မာရုံတို့ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
Apr 21,2021
တောင်ငူ၌ အငြိမ်းစားပင်စင်လစာများ ထုတ်ယူသူများကို ဘဏ်လုပ်ငန်းချိန်များအတွင်း အဆင်ပြေ ချောမွေ့ စွာ ထုတ်ယူနိုင်ရေးအတွက်ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 21,2021
ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင်အထည် ဖော်နိုင် ရန် အတွက် မြစ်သားမြို့နယ်ရှိ မြို့မယာယီပျိုးဥယျာဉ်နှင့် ရေအေးဆိပ်ယာယီ ပျိုးဥယျာဉ် တို့တွင်မိုးရာသီကာလ သစ်ပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၄၀၀၀၀) ပျိုးထောင် စိုက်ပျိုးထားရှိကြောင်းသိရသည်။
Apr 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၃၃၁၀၂) အနီးရှိ Transformer တွင် ယမန်နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
Apr 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။